စိုက်ပျိုးရေး၊ ကျေးလက်ထွက်ကုန် ထုတ်လုပ်မှုနှင့် ဈေးကွက်ချိတ်ဆက်ခြင်းများ၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူသူများ၏ ကြံ့ကြံ့ခံနိုင်စွမ်း၊ အသေးစား ငွေရေးကြေးရေးနှင့် လူတိုင်းပါဝင်နိုင်သော ဈေးကွက်စနစ်များ
အရေးပေါ်တုံ့ပြန်မှု ပေါင်းစပ်ညှိနှိုင်းခြင်း၊ လိုအပ်ချက်များ ဆန်းစစ်လေ့လာခြင်း၊ ဒေသတွင်းဦးဆောင်မှု မြှင့်တင်ခြင်း (Localisation)၊ ပဋိပက္ခနှင့် သဘာဝဘေးဒဏ်သင့် ဒေသများတွင် လူသားချင်းစာနာမှုဆိုင်ရာ အခြေခံမူများနှင့်အညီ တုံ့ပြန်ကူညီခြင်း ။
မိခင်နှင့် ကလေးကျန်းမာရေး၊ မျိုးဆက်ပွားကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးမှုကို အားဖြည့်ကူညီသော လုပ်ငန်းများနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး (WASH) စီမံချက်များ။
ကျား/မ အခြေပြု အကြမ်းဖက်မှု တားဆီးရေး ကျား/မ ရေးရာ ဆန်းစစ်လေ့လာခြင်းနှင့် ရပ်ရွာအခြေပြု ကာကွယ်စောင့်ရှောက်ရေး မူဘောင်များ ရေးဆွဲခြင်း။
မူဝါဒအကြံပေးခြင်း၊ သက်ဆိုင်သူများနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ မဟာဗျူဟာမူဘောင်များ ရေးဆွဲခြင်း
Theory of Change ရေးဆွဲခြင်း၊ ကနဦးနှင့် အပြီးသတ်စစ်တမ်းများ၊ အချက်အလက်စစ်ဆေးခြင်းနှင့် အထောက်အထားအခြေပြု ဆုံးဖြတ်နိုင်ရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်း
ရပ်ရွာအခြေပြု လိုက်လျောညီထွေ နေထိုင်ရေး လုပ်ငန်းစဉ်များ၊ သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာရေးနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေး နည်းစနစ်များ။